မေးခွန်း

>> Wednesday, September 17, 2008

မေးခွန်း

Tuesday, August 12th, 2008

ဘာကိုမှအစိုးမရတဲ့လောကကြီးမှာ

ဘာကိုများ အစိုးရချင်ခဲ့ကြပါသလဲ

ပျားစွဲလို့ရပေမယ့်

ရှဥ့်မလျှောက်သာအောင် ထွင်းထားတဲ့သစ်ကိုင်း

ကျုပ်တို့တွေ အဆိုးရသလို

ခင်ဗျားတို့လည်း နာမည်အဆိုးတွေပဲရခဲ့တယ်

အခု.... ကြုံနေရတဲ့အဆန်းတကြယ်

မီးထဲကိုတိုးဝင်နေပေမယ့်

အပူမဟပ်သေးတဲ့ အစိမ်းရောင်ပိုးဖလံများ

အနိစ္စတရားကို ဘယ်အချိန်ထိ

မျက်နှာလွှဲနေနိုင်မလဲ

အစကတည်းကမရိုးခဲ့သော

နိုင်လိုမင်းထက်ကျင့်ကြံမှုကို

ဘယ်အချိန်ထိများ အစိုးရချင်နေကြပါသလဲ

မြို့ပြရဲ့ညှီဟောက်သွားသောရနံ့ဆိုးမှာ

မိုးဖြူစဲမယ့် မိုးမည်းတွေရွာခဲ့တယ်

မခံချင်စိတ်နဲ့ အံကြိတ်တဲ့မျက်နှာတွေ.......

ကျီးလန့်စာစား မျက်နှာအမှားအယွင်းတွေ.........

ပတ်ကြားအက်သွားတဲ့

မြို့တော်ရဲ့ နေ့လည်ခင်းဆက်တင်ဟာ

အရုဏ်ဦးအလင်းပျိုမြစ်မှုနဲ့တော့ ဘာသာလ၀ါပဲ

အားလုံးရဲ့အတွေးမှာ....

ငြိမ်းအေးမှု...ရှင်သန်မှုနဲ့... ဘာကိုမျှော်လင့်ရမလဲဆိုတာတွေချည်း............

လတိုင်းလတိုင်း နှစ်ပတ်လည်တွေအပြည့်

ထပ်တိုးအောင်လည်း ဖန်တီးသူများ

ရက်တိုင်းရက်တိုင်း ငါတို့ကြောက်သလို

သစ်ကိုင်းလွတ်မှာ ကြောက်နေကြရင်

လမ်းပေါ်ထားတဲ့ သင်တို့ခွေးများ

မိုးတောထဲမှာ ထားမဲ့အစား

အိမ်လေးတစ်လုံးလောက်

ဆောက်ပေးထားပါလား။ ။



အော်သံဝါ

0 comments:

C.box

About This Blog

About This Blog

  © Blogger template Sunset by Ourblogtemplates.com 2008

Back to TOP