မြတ်နိုးခြင်း၊ တွယ်တာခြင်း၊ ရိုသေခြင်းနှင့် ရာဇဝင်များရဲ့ သတို့သမီး

>> Wednesday, September 17, 2008

မြတ်နိုးခြင်း၊ တွယ်တာခြင်း၊ ရိုသေခြင်းနှင့် ရာဇဝင်များရဲ့ သတို့သမီး



ရာဇဝင်တွေကသာ

တစ်ဖြည်းဖြည်း မှုံဝါးသွားတယ်

ငါ့ရဲ့ ချစ်လှစွာသော သတို့သမီးကတော့

ဘယ်တော့မှ မဆုံးတဲ့ခရီးကို နှင်နေဆဲ...။



တိမ်ဝှက်ပန်းရဲ့ အိမ်မက်တွေကို

တတိတိခြွေချပြီးမှ ရှင်သန်သူ

သူဟာ... ရာဇဝင်များရဲ့ သတို့သမီးပါပဲ...။



အမြဲတမ်း အေးမြခြင်းနဲ့

ဥပေကွ့ာတရားကို ဖော်ကြူးသူ

သူဟာ... ရာဇဝင်များရဲ့ သတို့သမီးပါပဲ...။



ဂနွ့ဝင်မြောက်တဲ့ အလှတရား

ချစ်တတ်သူတို့ရဲ့ မြတ်နိုးရာ

သူဟာ... ရာဇဝင်များရဲ့ သတို့သမီးပါပဲ...။



အနမ်း အထပ်ထပ်

ပန်း အထပ်ထပ်

အလွမ်း အထပ်ထပ်...

နှောက်ယှက်မယ့်သူ မရှိဘူး

သတို့သမီးဟာ သူ့ရင်ခွင်ကို

အားလုံးအတွက် ဖွင့်လှစ်ထားခဲ့ပါတယ်...

သတို့သမီးဟာ စီးမျောခြင်းနဲ့

ဒဏ်ရာတွေကို သက်သာစေခဲ့ပါတယ်...။



ရာဇဝင်များနဲ့ သတို့သမီးက

တခါတရံ ဒေါသကြီးသူ ဖြစ်တယ်...

စိတ်မထင်ရင် မထင်သလို လှိုင်းထသူ...။



သူမဟာ... ငိုကြွေးခြင်းမှာ နိုးကြားတတ်တယ်...။



သူမဟာ... ရင်ခုန်သံတွေကို ဖော်ကြူးနိုင်သူဖြစ်တယ်...။



သူမဟာ... လှည့်ပတ်တတ်ပေမယ့် မလိမ်တတ်တဲ့

တစ်ဦးတည်းသော သတို့သမီး ဖြစ်တယ်...။



သူမဟာ... အဆိုးတွေကို အကောင်းနဲ့ဖုံးနိုင်သူ ဖြစ်တယ်...။



သူမဟာ... ကျွန်တော်တို့ကို ချစ်တယ်...

ကျွန်တော်တို့ကလည်း သူမကို ချစ်တယ်...။



ဒါလောက်နဲ့တော့

ရာဇဝင်များနဲ့ သတို့သမီးကို မဖွဲ့ဆိုနိုင်တာ အမှန်...။



ဒီကဗျာရဲ့ အချပိုဒ်မှာ

သက်ပြင်းချသံတစ်ခု သေဆုံးတယ်...

သာမာန်နားနဲ့ မကြားနိုင်တဲ့ တေးသီချင်းတွေ ဆိုတယ်...

သာမာန်မျက်စိနဲ့ မမြင်နိုင်တဲ့ အဖွဲ့အနွဲ့တွေ ပါတယ်...။



ဒါဟာ ရာဇဝင်များရဲ့ သတို့သမီး.....။


ဓလေ့

0 comments:

C.box

About This Blog

About This Blog

  © Blogger template Sunset by Ourblogtemplates.com 2008

Back to TOP